Main menu

ကြက်သားနှင့်ကြက်ဥဈေးကွက်

Powered by Drupal

     မန္တလေးတိုင်းအတွင်းရှိ ကြက်ဥထွက်ရှိရာဒေသများဖြစ်ကြသည့် ပြင်ဦးလွင်၊ ကျောက်ဆည်၊ မတ္တရာ၊ စဉ့်ကိုင်မြို့များမှ ကြက်ဥများနေ့စဉ်ဝင်ရောက်လျက်ရှိပြီး ကြက်ဥတစ်လုံးတွင် အဝါရောင်အနှစ် ၅၅ ကယ်လိုရီခန့်၊ ပရိုတင်း ၂.၅ ဂရမ်ခန့်ပါဝင်ပြီး ကယ်လ်စီယမ်နဲ့ သံဓာတ်(၉၀)ရာခိုင်နှုန်း ကျော်ပါရှိပါသည်။ ကျန်းမာသောလူမှုဘဝကို ပိုင်ဆိုင်လိုလျင် ကြက်ဥကို လျစ်လျူရှုမထားသင့်ပါကြက်ဥပုံမှန်စားသုံးခြင်းကြောင့်  ခန္ဓာကိုယ်အတွက်လိုအပ်သော အာဟာရ များစွာရရှိနေသောကြောင့် ဟင်းလျာအဖြစ်ဖြစ်စေ၊ သ‌ရေစာမုန့် (ဥပမာ-ကိတ်မှန့်၊ပေါင်မုန့်၊ပူတင်း) အစရှိသဖြင့်အဖြစ်ဖြစ်စေ စားသုံးကြစေလိုကြောင်းလည်းနှင့် ကြက်သားသည် ကျန်းမာရေး အတွက် အရေးကြီးသော အာဟာရဓာတ်များကြွယ်ဝစွာပါဝင်ပါသည်။ ပရိုတင်းဓာတ်ကြွယ်ဝပြီး အဆီနည်းသော၊ အရေးကြီးသောဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်ကြောင်းလည်း ဗဟုသုတ အဖြစါသိရှိရပါသည်။ ကြက်ဥများကို ကဒ်လိုက်ချိန်၍ လက်လီရောင်းချသူများသည် ဧပြီလတွင် (၁)ပိဿာလျှင် (၁၁၀၀၀) ကျပ် လက်လီ(၁၀) လုံးလျှင် အရွယ်အစားအလိုက် (၃၅၀-၄၀၀-၄၅၀) ကျပ်နှုန်းထိရှိကြပြီး မေလတွင် (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ လက်လီ (၁၀) လုံးလျှင် (၄၀၀-၄၅၀-၅၀၀)ကျပ်နှုန်း နေ့စဉ်အရောင်းသွက်လျက်ရှိပြီး ယခင်လ CP ကြက်သားဈေး (၁)ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင် (၅၀၀၀-၅၅၀၀)ကျပ် ယခုလ ကြက်သား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်နှုန်းထိ ကြက်သားအမျိုးအစားအလိုက်ဈေးနှုန်း ကွာခြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)