Main menu

ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ခရမ်းကြွပ်သီးဈေးနှုန်းအခြေအနေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ခရမ်းကြွပ် သီးများကို စိုက်ပျိုးကြကြောင်း၊ ခရမ်းကြွပ်သီးများကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ခရမ်းကြွပ်သီး(၁)ပိဿာလျှင်  (၃၀၀၀)ကျပ်၊ ခရမ်းကြွပ်သီး (၂၅)ကျပ်သားလျှင်  (၈၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ခရမ်းကြွပ်သီးကို ငပိရည်နဲ့တွဲဖက်၍အတို့ အမြှုပ်အဖြစ်စားသုံးကြကြောင်း၊ ထမင်းဆိုင်များမှ နေ့စဉ်ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက် လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

Doca(စစ်ကိုင်း)