Main menu

မိုးရာသီတွင်ပေါများအင်ဥများ

Powered by Drupal

     အင်ဥဆိုသည်မှာ အပင်များ၏အောက်ခြေတွင် အင်ပင်အမြစ်များနှင့် ဆက်စပ်နေသော မှိုတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ အင်ပင်အောက်ခြေအနီးအနားမှာပေါက်တဲ့ မှိုတစ်မျိုးဟုလည်း အလွယ် ခေါ်ကြပါသည်။ မိုးဦးကာလမေလနှင့်ဇွန်လများတွင် အင်ဥများပေါများစွာ တွေ့ရတက်သည်။တစ်နှစ်ပတ်လုံးတွင် (၁)ကြိမ်သာတွေ့ရလေ့ရှိပြီး ရက်အတိအကျမသိနိုင်ဘဲ ယေဘုယျအားဖြင့် မိုးမှန်စပြုချိန်တွင် တွေ့ရလေ့ရှိကြောင်း သိရပါသည်။

    ယခုမိုးကာလတွင် ရာသီပေါ်အင်ဥများကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ သပြေချောင်းကျေးရွာ၊ သပြေချောင်းစျေးတွင် အင်ဥကို နို့ဆီဗူးတစ်ဗူးလျှင် (၂၀၀၀)၊ သုံးဗူးလျှင် (၅၀၀၀) ကျပ်ဖြင့် ရောင်းချနေ‌ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)