
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစားသောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများကိုရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်သားဈေးနှုန်း သည်လည်း မြင့်တက်လျက်ရှိပါသည်။
ကျွန်းလှမြို့ရှိ ဇွန်လ ပထမပတ်၏ သားဝက်ဈေးနှုန်းများ အနေဖြင့် ဝက်သားရှယ် (အသားသီးသန့်) လက်လီ တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ ဝက်သား(ပေါင်သား) လက်လီ တစ်ပိဿာလျှင်(၂၉၀၀၀)ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား)လက္ကား တစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား) လက်လီ တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ ဝက်သား ဝမ်းတွင်းကလီစာ လက်လီ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ် နှင့် ဝက်သား(မေးဖျား၊ နားရွက်)လက်လီ တစ်ပိဿာ လျှင်(၂၄၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ် လျက်ရှိကြောင်း အမဲသားသည် ထံမှ သိရပါသည်။
Doca(စစ်ကိုင်း)