Main menu

ထားဝယ်မြို့ရှိ ပန်းဂေါ်ဖီစိမ်းစျေးနှုန်းအခြေအနေ

Powered by Drupal

    ထားဝယ်ကုန်စိမ်းစျေးကွက်သို့ ၂၀၂၅ ခုနှစ်၊ဇွန်လ ပထမပတ်အတွင်း ပန်း‌ဂေါ်ဖီစိမ်းများ ဝင်ရောက်မှုနည်းသွားသည့်အတွက် စျေးအနည်းငယ်မြင့်သွားကြောင်း သိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ စျေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီးစျေးကွက်အတွင်း အရောင်းသွက်သည့် ကုန်စိမ်းအမယ်များဖြစ်ကာ ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှုပိုသည့်အတွက် စျေးပိုရကြောင်း သိရှိရပါသည်။

      ထားဝယ်ကုန်စိမ်းစျေးကွက်အတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်၌ ပန်းဂေါ်ဖီစိမ်းများမှာ အရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုများရှိပြီး တစ်ပွင့်လျှင်(၄၀၀၀ ကျပ်မှ ၅၀၀၀)ကျပ်ရှိ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)