Main menu

စွန့်ပစ်ပစ္စည်းစျေးနှုန်းစျေးကွက်

Powered by Drupal

    ထားဝယ်မြို့အတွင်း Recycle ပစ္စည်းများအား ပြန်လည်ဝယ်ယူ၍ တစ်ဆင့်ပြန်လည် ရောင်းချနေသော ပစ္စည်းဟောင်းဝယ်ယူသည့်ဆိုင် များစွာရှိနေပြီး ၎င်းဆိုင်များအနေဖြင့် ဝယ်ယူရရှိသည့် Recycle ပစ္စည်းများအား ရန်ကုန်မြို့ရှိ  လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်တို့ရှိ Recycle ပစ္စည်းများ ပြန်လည်ပြုပြင်၍ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများသို့ ပြန်လည် တင်ပို့ရောင်းချလျက်ရှိပါသည်။ ဆိုင်များမှဝယ်ယူသည့် တစ်ပိဿာဈေးနှုန်းများအနေဖြင့်  ရေသန့်ဘူးခွံ ၁၀၀၀-၁၅၀၀ကျပ်၊ ပုံး၊ ဇလုံ၊ ခုံကျိုး ၇၀၀ကျပ် နှင့် သံ(ပါး) ၈၀၀ကျပ်၊ သံ (အထူ) ၃၀၀၀ ကျပ်အထိ ဝယ်ယူလျက်ရှိပါသည်။

      ဝယ်ယူရရှိသည့် ပစ္စည်းများအား ရန်ကုန်မြို့ရှိ Recycle ပစ္စည်းများ ပြန်လည်ပြုပြင် ထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများသို့ တစ်ဆင့်တင်ပို့ ရောင်းချရာတွင်လည်း ဈေးကောင်းရရှိလျက်ရှိပါသည်။

DOCA(တနင်္သာရီ)