
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ကျွဲဒုံးကျေးရွာတွင် ကြက်ဟင်းခါးသီးပင်များအား မိုးဦးကျကာလတွင် စိုက်ပျိုးခြင်းအားဖြင့် အပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးသော မျိုးအနေဖြင့် တြိဂံအမှတ်တံဆိပ်ကို အသုံးပြုပြီး စိုက်ဧက ၁ဧကဝက် စိုက်ပျိုးထားသည်၊ မျိုးတစ်ထုတ်လျှင့် ငွေကျပ် ၂၀၀၀၀နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးပြီး မျိုးထုတ် စိုက်ဧကတွင် မျိုးထုတ် ၁၀ထုတ်စိုက်ပျိုးထား သည်။ မျိုးစေံများကို ပျိုးစင်ပြုလုပ်ပြီး စိုက်ပျိုးသည် အပင်ရေ ၅၀၀ခန့် စိုက်ပျိုးရသည်။ ဧပြီလ တတိယပါတ်က စတင်စိုက်ပျိုးပြီး ၄၅ရက်အကြာတွင် အသီးထွက်ရှိသည်။ စိုက်ပျိုးမှု မျိုး၊ သွင်းအားစု၊ ဝါး၊ လုပ်သားခ ကုန်ကျစရိတ် ၁၂သိန်းခန့်ကုန်ကျပြီး စိုက်ဧကအထွက်နှုန်းအနေဖြင့် အလုံးအရေအတွက် ၆၀၀၀ ခန့်ထွက်ရှိသည်။
ဈေးနှုန်းအနေဖြင့် ကြက်ဟင်းခါး တစ်တောင့်လျှင် လက်ကား ၃၀၀ဈေးရရှိပြီး လက်လီဈေး ဈေးကွက်အတွင်း ၅၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။ စိုက်ပျိုးသူအနေဖြင့် ဒေသခံများအနေဖြင့် မိမိခြံဝန်းနေရာလွတ်များတွင် အဆိုပါ ရာသီစာသီးနှံစိုက်ပျိုးခြင်းအနေဖြင့် တစ်ရာသီလျင် ( ၆ ) သိန်း ဝန်းကျင်ခန့်အထိ ဝင်ငွေရရှိပြီး မိသားစုစား ဝတ်နေရေးအတွက် များစွာအထောက်အကူပြုလျက်ရှိကြောင်း၊ တိုးချဲ့စိုက်ပျိုးရန်စိတ်ဝင်စားမှု မြင့်တက်လျက်ရှိကြောင်းလည်း သိရသည်။
DOCA(ဧရာဝတီ)