
မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအပါအဝင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သမဝါယမဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသောဌာနဆိုင်ရာများပါဝင်သော အဖွဲ့များဖြင့် ၂၀၂၅ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် မြိတ်မြို့၊ သာကေတရပ်ရှိ ဓမ္မာရုံရှေ့တွင် အများပြည်သူများ သက်သာသည့်စျေးနှုန်းဖြင့် အခြေခံစားကုန်များဝယ်ယူနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အခြေခံစားကုန်များရောင်းချရာတွင် ဆန်၊ စားအုန်းဆီ၊ ချဉ်ပေါင်ရွက်၊ ပဲခြမ်း၊ ကန်စွန်း ရွက်၊ မန်ကျည်းသီးနှင့် အိုင်အိုဒင်းဆား စသည်တို့ကိုရောင်းချခဲ့ပြီး ဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ စားအုန်းဆီ ၅၀ကျပ်သားလျှင် (၃၉၅၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၅၀၀) ကျပ်၊ ကန်စွန်းရွက်တစ်စည်း (၂၀၀)ကျပ် ၊ ချဉ်ပေါင်ရွက်တစ်စည်း(၂၀၀)ကျပ် မန်ကျည်းသီး တစ်ထုပ် (၁၀၀၀) ကျပ် နှင့် ပဲခြမ်းတစ်ထုပ်(၁၀၀၀)ကျပ်တို့ဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)