Main menu

ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး

Powered by Drupal

   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ကလွင်ရပ်ရှိ မြိတ်တက္ကသိုလ်တွင် ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး အခမ်းအနားကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

    အဆိုပါအခမ်းအနားတွင် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်း အားဖြင့် ဆောင်ရွက်ပေး(Ending Plastic Pollution Globally) ဆိုသော ဆောင်ပုဒ်ကို လက်ကိုင် ၍ ပလပ်စတစ်ပစ္စည်းများအသုံးပြုမှုကို တတ်နိုင်သမျှလျော့ချနိုင်ရေး၊ အသုံးပြုမည်ဆိုပါကလည်း ထပ်ခါထပ်ခါ ပြန်လည်အသုံးချစေရေး၊ စွန့်ပစ်ပလတ်စတစ်များကို အခြား အသုံးဝင်သော ပစ္စည်း အဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်နိုင်ရေး စွန့်ပစ်ပလပ်စတစ်နှင့်အခြားစွန့်ပစ်ပစ္စည်းများ ခွဲခြားစွန့်ပစ်နိုင်ရေး၊ ကုန်းနေရေနေသတ္တဝါများနှင့် ဂေဟစနစ်ပျက်စီးနိုင်သည့်အတွက် စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့ပြီး မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းအပါအဝင် ဦးစီးဌာနများမှ သက်ဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)