
ဂျပန်နိုင်ငံတစ်ဝှမ်းရှိ စူပါမားကတ်များတွင်ရောင်းချသည့် ပျမ်းမျှလက်လီဆန်စျေးသည် မေလ ၁၈ ရက်နေ့ကုန်ဆုံးသည့် သီတင်းပတ်၌ ၅ ကီလိုဂရမ်လျှင် ၄၂၈၅ ယန်း (၂၉.၉၇ ဒေါ်လာ ခန့်) အထိ မြင့်တက်ခဲ့ကြောင်း မေလ ၁၉ ရက်နေ့ကထုတ်ပြန်သော အချက်အလက်များအရသိရ သည်။ စိုက်ပျိုးရေးသစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှထုတ်ပြန်သော အချက်အလက်များအ ရ ယခင်အပတ်ကထက် ၁၇ ယန်း တိုးလာပြီး မတ်လ ၂၀၂၂ ခုနှစ်မှ စတင်ကာ အမြင့်ဆုံးစျေးဖြစ် သည်။ ဧပြီလနှင့်မေလကြားတွင်ခေတ္တမျှ စျေးနှုန်းကျဆင်းခဲ့ပြီး စျေးနှုန်းများဆက်လက်၍ ပြန် လည် မြင့်တက်ခဲ့သည်။ မတ်လတွင် အစိုးရသည်အရန်ဆန်များကို လေလံတင်ရောင်းချနေသော် လည်း စျေးကွက်ပေါက်စျေးများကျဆင်းသွားခြင်းမရှိခဲ့ပေ။ အပြိုင်အဆိုင်လေလံဆွဲခြင်းထက် သိုလှောင်ထားသောဆန်များကို စေ့စပ်ညှိနှိုင်းသည့် စာချုပ်များဖြင့် ရောင်းချမည့် ဝန်ကြီးအသစ် ၏ ကြိုးပမ်းမှု ထိရောက်မှုသည်စျေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန်ဖြစ်နိုင်ခြေရှိသည်ဟူ၍ စောင့် ကြည့်လျှက်ရှိသည်။ ကျိုဒိုသတင်းစစ်တမ်းတစ်ခုအရ Shinjiro Koizumi ကို လယ်ယာဝန်ကြီး အဖြစ် ခန့်အပ်ပြီးနောက် ဆန်စျေးနှုန်းကျဆင်းမည်ဟု ယုံကြည်သူ ၆၀ ရာခိုင်နှုန်းနီးပါးရှိလာခဲ့ကြောင်း သိရသည်။
Source : Xinhua
DOCA(ရန်ကုန်)