Main menu

ပြည်ခရိုင်အတွင်း ဈေးကွက်ရောက်ပြီးကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

    စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ (၁) ရက်နေ့မှ (၃၁) ရက်နေ့အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များရှိ ဘူးသွပ်စားသုံးဆီအရောင်းဆိုင်များနှင့် ကိုးသောင်းစည်ပင်ဈေး အတွင်းရှိ ဘူးသွပ်စားသုံးဆီ အရောင်းဆိုင်များသို့လည်းကောင်း၊ ရွှေတောင်မြို့နယ် ယွန်းတန်းရပ်ကွက်ရှိ ဘူးသွပ်စားသုံးဆီ အရောင်းဆိုင်များသို့လည်းကောင်း၊ ပန်းတောင်း မြို့နယ်တွင် ဆင်တဲစည်ပင်ဈေးအတွင်းရှိ ဘူးသွပ်စားသုံးဆီ အရောင်းဆိုင်များသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်ရှိ ဘူးသွပ်စားသုံးဆီ အရောင်းဆိုင်များ သို့လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)