Main menu

ပန်းတိမ်မနိုင်(ခေါ်)ပန်းတိမ်ငိုပန်း

Powered by Drupal

   ပန်းအလှကို ပန်းတိမ်ဆရာလက်မှိုက်ချရသည့်အထိ တင်စားခေါ်ဆိုသောပန်းတိမ်ငိုပန်းသည် သုံးရာသီရှိသော မြန်မာ့ရေမြေတွင် မိုးတွင်းကာလ၌ပွင့်တက်သည့်ပန်းတစ်မျိုးဖြစ်သည်။ ပန်းတိမ်ကငို မျိုးတွင် တစ်ထပ်ပန်းတိမ်ငို၊ နှစ်ထပ်ပန်းတိမ်ငို၊ သုံးထပ်ပန်းတိမ်ငို(ခေါ်) ဆင်စွယ်ဟူ၍သုံးမျိုးရှိသည်။ မျိုးကွဲပေါင်းများစွာရှိပြီး ပန်း၏အရောင်မှာ အပန်းရောင်၊ ခရမ်းရောင်၊ အဖြူရောင်ရှိကြသည်။ ဖေဖော်ဝါရီလတွင်ဥများ တူးဖော်ကာစိုက်ပျိုးကြသည်။ အပင်အမြင့်သည် ၁၈လက်မ မှ၂၄လက်မ အထိ ရှိပြီး အရွက်များမှာ အမြဲစိမ်းစိုနေသည်။ ပန်းတိမ်ငိုပန်းကို အအေးပိုင်းဒေသများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ ပန်းတိမ်ငိုပန်းသည် ရှမ်းပြည်နယ်ရွာငံနှင့်ပင်းတယမြို့နယ်တွင် အများဆုံး စိုက်ပျိုးကြသည်။ ယခုအခါ အပူပိုင်းဒေသများတွင်လည်း စတင်စိုက်ပျိုးကြပါသည်။ အပူရှိန်မြင့်မား သည့်ဒေသများတွင် ပန်းတိမ်ငိုပန်းကို စိုက်ပျိုးနိုင်ရန် အမိုးအကာပြုလုပ်၍ စိုက်ပျိုးကြသည်။ ဆူကာသီး(ခေါ်) ဂေါ်ရခါးသီးစင်၊ ဗူးစင်စသည့် အရိပ်ရသောစင်များ အောက်တွင်လည်း စိုက်ပျိုး နိုင်ပါသည်။ ပန်းတိမ်ငိုပန်းပင်သည် ရေကြိုက်နှစ်သက်သော်လည်း ရေဝပ်သည့် ဒဏ်ကိုမခံနိုင်ကြောင်း သိရပါသည်။ ပန်းတိမ်ငိုပန်းသည် ဘုရားပန်းအဖြစ်သာမက အခမ်းအနားများတွင် တန်ဖိုးထားအလှ ဆင်သည့် ပန်းတစ်မျိုးဖြစ်သဖြင့် ပန်းစိုက်သူတို့အတွက် တွက်ခြေကိုက်သော ပန်းတစ်မျိုးဖြစ်ပါသည်။ ယနေ့ဒေသပေါက်ဈေးအနေဖြင့် ပန်းတိမ်ငိုပန်း (၁၀)ပင်ပါ တစ်စည်း ၂၅၀၀ကျပ်မှ  ၃၅၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါ ကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(ရှမ်း)