Main menu

အထက်မင်းလှမြို့နယ်၊ မယ်ဇလီတောကျေးရွာ၌ မိုးနှမ်းစိုက်ပျိုးမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး ကြက်သွန်နီ၊ ဝါ၊ ကုလားပဲ၊ နေကြာ၊ နှမ်း၊ မေမြို့ပန်း၊ သပြေပန်းနှင့် အခြားမီးဖိုချောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ မိုးနှမ်းကို ၂၀၂၅ခုနှစ်၊ မေလ(ဒုတိယပတ်)မှစတင်၍ တောင်သူ(၆၀)ဦးခန့်မှ စိုက်ဧက(၂၀၀)ဧကခန့် စိုက်ပျိုးထားကြောင်း သိရှိရသည်။

    မယ်ဇလီတောကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦးက ၎င်းအနေဖြင့် နှမ်းနက် (၇)ဧက ခန့်ကို ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၀) အကြာတွင် ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့်  သိပ္ပံနှမ်းနက်နှင့် ဆင်းရတနာ-၁၄ နှမ်းနက်မျိုးကို အများဆုံး စိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး(၂)ပြည် ခန့်ကုန်ကျကြောင်း၊ မျိုးကို အထက်မင်းလှမြို့၊ စိုက်ပျိုးရေး ဦးစီးဌာနမှဝယ်ယူပြီး မျိုးသန့်မှုပေါ်မူတည်၍ (၁)ပြည်လျှင် ကျပ်(၁၅၀၀၀-၂၀၀၀၀)ပေးရ ကြောင်း၊  ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က(၁)ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြား သွင်းအားစု စရိတ်အပါအဝင် စုစုပေါင်း ကျပ်(၃၀၀၀၀၀)ခန့် ကုန်ကျသော်လည်း ယခုနှစ် တွင်မှု သွင်းအားစုစရိတ်မြင့်တက်လာ၍ ကျပ်(၅၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင် နှစ်က (၁)ဧကလျှင် တင်းရေ(၈-၁၀)တင်းထိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် နှမ်းနက်(၁)တင်း လျှင် ကျပ်(၁၉၀၀၀၀)ထိဈေးရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၁၂၂၀၀၀၀-၁၆၀၀၀၀၀)ထိ ရရှိခဲ့ ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခင်နှစ်က မိုးနှမ်း အနေဖြင့် နှမ်းနက်မှာ ရာသီဥတုသမမျှတမှုနည်း၍ အထွက်နှုန်းလျော့နည်းခဲ့သော်လည်း ဈေး ကောင်းရရှိသောကြောင့် စိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိ၍ အဆင် ပြေပါကြောင်း၊ မိုးနှမ်းမှာ ရာသီဥတုပေါ်မူတည်၍စိုက်ပျိုးရပြီး မိုးများသည့်အခါတွင် နှမ်းပင်များ ပျက်စီး၍ အထွက်နှုန်းလျော့နိုင်ပြီး မိုးနည်းသည့်အခါတွင်လည်း မျိုးအောင်မူနည်း၍ အထွက်နှုန်း လျော့နည်းနိုင်ကြောင်း သိရှိရသည်။

DOCA(မကွေး)