
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ၂.၆.၂၀၂၅ ရက်နေ့ စားသုံးသူ ရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန ကိုယ်စားလှယ်များပါဝင်သော မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြင့် Gasifier အသုံးပြု၍ လည်ပတ် ဆောင်ရွက်လျက်ရှိသော မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဘုရားကျောင်းရပ်ကွက် ရှိ သစ္စာ ဆန်စက်၏ ရေဆိုးသန့်စင်မှုစနစ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ MyRo တွင် သိုလှောင်ရုံထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်၊၊
အဆိုပါ ဆန်စက် တာဝန်ရှိသူ ဦးသန့်ဇော်ထူးအား ရေဆိုးသန့်စင်မှုနစ်(ရေဆိုးသန့်စင်ကန် ၊ ရေဆိုးစီးဆင်းသည့်ရေမြောင်း၊ စက်ဖွဲပြာစစ်ထုတ်စုပုံထားရှိမှုများ)နှင့် ပတ်သတ်၍ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက် ထားရှိစေရေး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများအလိုက် ကြီးကြပ်ဆောင်ရွက်ရန် ကွင်းဆင်းမှာကြား ခဲ့ပါသည်၊၊
DOCA(ဧရာဝတီ)