Main menu

မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေးကော်မရှင်၏ (၂/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် အဖွဲ့ဝင်များက Zoom Meeting ဖြင့်တက်ရောက်

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့၊ နံနက် ၉း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁)၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်ကျင်းပပြုလပ်သည့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ (၂/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီမှ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များမှ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ၃ ထပ်ဆောင်၊ Video Conferencing Room မှ Zoom Meeting ဖြင့် တက်ရောက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူးက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏  (၁/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် အမှာစာများတင်ပြခြင်း၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ဥက္ကဋ္ဌမှ အမှာစာများအပေါ် အဆုံးအဖြတ်ပေးခြင်း၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်အဖွဲ့ဝင်များမှ ရှင်းလင်းဆွေးနွေးခြင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌများမှ ဆွေးနွေးတင်ပြခြင်း၊ တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေးခြင်းများ‌‌ဆောင်ရွက်ခဲ့ကာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)