Main menu

ဘိုကလေးမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

    ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့ သည် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့နှင့်အတူ ၂၀၂၅ ခုနှစ်၊ မေလ (၃၁) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင် (၄) ဆိုင်သို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင် (၄) ဆိုင်တွင် ဆေးဝါး မှတ်ပုံတင်ထားသည့် ဆေးများ ၊ FDA ထောက်ခံချက်နှင့် အညီ တရားဝင်တင်သွင်း သည့် ဆေးဝါးများ ရောင်းချလျက်ရှိပြီး သက်တမ်းလွန်ဆေးဝါးများ တင်သွင်းရောင်းချခြင်း မပြုရန် နှင့် ဆေးဝါးမှတ်ပုံတင် ပြည့်ပါက ပြန်လည်လျှောက်ထား ရန် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)