
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ဒေသထွက်ကုန်များအပြင် အခြားပြည်နယ်/ တိုင်းများမှဝယ်ယူ၍ အသက်မွေးဝမ်းကြောင်း ပြုသောဒေသဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် အခြေခံစားသောက်ကုန်များ၏ စျေးနှုန်းစုံစမ်းချက်အရ ဆီနှင့်ဒေသဆန်စျေးနှုန်းများ အနည်းငယ် ကျဆင်းသွားကြောင်း သိရှိရပါသည်။
ဆန်စျေးနှုန်းကျဆင်းရခြင်းသည် စပါးစျေးနှုန်းအနည်းငယ်ကျဆင်းသွားခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ပြင် ရန်ကုန်ဆီကန်မှရရှိသော မြိတ်မြို့အတွင်းရောင်းချသည့် စားအုန်းဆီစျေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။ ၃၀-၅-၂၀၂၅ ရက်နေ့တွင် မြိတ်မြို့ရှိ စားအုန်းဆီစျေးနှုန်းမှာ ၈,၀၀၅ ကျပ်ဖြစ်ပြီး ၃-၆-၂၀၂၅ ရက်နေ့တွင် ၇,၉၂၅ ကျပ်ဖြစ်၍ စားအုန်းဆီစျေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ၈၀ ကျပ်ခန့် စျေးကျလာပြီး ၃၀-၅-၂၀၂၅ ရက်နေ့ ဒေသဆန်ဧည့်မထ ၂၄ ပြည်တစ်အိတ်လျှင် ၆၅,၀၀၀ ကျပ်ခန့်ရှိရာမှ ၃-၆-၂၀၂၅ ရက်နေ့တွင် ဒေသဆန်ဧည့်မထ ၂၄ ပြည်တစ်အိတ်စျေးနှုန်းမှာ ၆၁,၀၀၀ ကျပ်ဖြစ်၍ တစ်အိတ်လျှင် ၄,၀၀၀ ကျပ်ခန့် စျေးကျဆင်းသွားကြောင်း သိရှိရပါသည်။
DOCA (တနင်္သာရီ)