Main menu

စီးပွားရေးမြှင့်တင်ရန် ပါလီမန်သို့ အမေရိကန်ဒေါ်လာ ၁၁၅ ဘီလီယံ ဘတ်ဂျက်ကို ထိုင်းဝန်ကြီးချုပ်က အဆိုတင်သွင်းခဲ့

Powered by Drupal

        ကမ္ဘာ့ကုန်သွယ်ရေး တင်းမာမှုများကြားတွင် နှေးကွေးနေသည့် စီးပွားရေးကို တွန်းလှန် ရန်ရည်ရွယ်၍ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အစိုးရ၏ ထိုင်းဘတ်ငွေ ၃.၇၈ ထရီလီယံ (အမေရိ ကန် ဒေါ်လာ ၁၁၅.၆၆ ဘီလီယံ) ဘတ်ဂျက်ကို ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က မေလ ၂၈ ရက်တွင် အဆိုတင်သွင်းခဲ့သည်။ အဆိုပါဥပဒေမူကြမ်းတွင် အသုံးစရိတ် ၀.၇ ရာခိုင် နှုန်းတိုးလာပြီး ဘတ်ဂျတ်လိုငွေ ၈၆၀ ဘီလီယံ (ဒေါ်လာ ၂၆.၃၁ ဘီလီယံခန့်) ကို မျှော်မှန်းထား ပြီး စက်တင်ဘာလတွင်ကုန်ဆုံးမည့်ဘဏ္ဍာရေးနှစ် ၂၀၂၅ ခုနှစ်ထက် ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ သည်။ ဘတ်ဂျက်သည် ရေရှည်တည်တံ့သော စီးပွားရေး ပြန်လည်ဦးမော့လာစေရန် မောင်းနှင် ရန်၊ နိုင်ငံတော်၏အခြေခံအဆောက်အအုံများမြှင့်တင်ရန်၊ လူမှုရေးတန်းတူညီမျှမှုကိုအားကောင်း လာစေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းမှုတို့ကို ထိန်းသိမ်းရန် သူမ၏ အစိုးရ၏ ကတိကဝတ်ကို ထင်ဟပ်စေကြောင်း Paetongtarn က အလေးပေးပြောကြားခဲ့သည်။ ဝင်ငွေ ကန့်သတ်ချက်များနှင့် စိန်ခေါ်မှုရှိသော ကမ္ဘာ့အခင်းအကျင်းများကြောင့် အစိုးရသည် နိုင်ငံတော် လုံခြုံရေးကို အားကောင်းစေခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် လူ့စွမ်းအားအရင်းအနှီးများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကအာရုံစိုက်ကာ လိုငွေပြဘတ်ဂျက်မူဝါဒကို အစိုးရကချမှတ်ခဲ့ ကြောင်း လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ဘတ်ဂျက်အစီအစဥ်အရ ထိုင်းနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုသည် ၂၀၂၅ နှင့် ၂၀၂၆ နှစ်ခုစလုံးအတွက် ၂.၃ ရာခိုင်နှုန်းမှ ၃.၃ ရာခိုင်နှုန်းအထိ ခန့်မှန်းထားပြီး ငွေကြေးဖောင်းပွမှု ၀.၅ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းအထိ ရှိမည် ဟုခန့်မှန်းထားသည်။ အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးအလား အလာသည် အများသူငှာ ရင်းနှီးမြှုပ်နှံမှုတိုးလာခြင်း၊ ပြည်တွင်းစားသုံးမှုနှင့် အရေးပါသောခရီး သွားကဏ္ဍတွင် ပြန်လည် ကောင်းမွန်လာခြင်းတို့ကြောင့် အထောက်အပံ့ဖြစ်သည်ဟု Paetongtarn က မှတ်ချက်ပြုသည်။ သို့သော်လည်း အိမ်ထောင်စုနှင့် ကော်ပိုရိတ် ကြွေးမြီးများ မြင့်မားနေသည့်အပြင် အမေရိကန်၏ ကုန်သွယ်မှုကာကွယ်ရေးဝါဒ၊ ပထဝီဝင်နိုင်ငံရေး တင်းမာ မှုများနှင့် စိုက်ပျိုးရေးကဏ္ဍတွင် မတည် ငြိမ်မှုများကြောင့် ဖြစ်ပေါ်လာသည့် အန္တရာယ်များမှာ အဟန့်အတား ဖြစ်နေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။ အောက်လွှတ်တော်တွင် လေးရက်ကြာ အချေအတင် ဆွေးနွေး မှုကို မေလ ၃၁ ရက်နေ့တွင် နိဂုံးချုပ်ရန်စီစဉ်ထားပြီး ယင်းဥပဒေမူကြမ်းအား ၎င်း၏ ပထမဆုံး အကြိမ်ဖတ်ကြားမှုကို အတည်ပြုရန် တက်ရောက်လာ သော လွှတ်တော်အမတ်အများsssစု၏ ထောက်ခံမှုလိုအပ်ကြောင်းသိရသည်။

  DOCA(ရန်ကုန်)