Main menu

ဘူလ်ဂေးရီးယားတွင် ပထမဆုံး Kids Expo ကို ကျင်းပ

Powered by Drupal

             Sofia အလယ်ပိုင်းရှိ Aleksandar Nevsky ရင်ပြင်တွင် ကလေးများနှင့်မိသားစုများ အတွက်အကြီးစားပြပွဲဖြစ်သည့် ဘူလ်ဂေးရီးယား၏ ပထမဆုံးသော Kids Expo ကို မေလ ၂၉ ရက်နေ့ (ကြာသာပတေးနေ့) ၌စတင်ခဲ့သည်။ လေးရက်တာ ကုန်စည်ပြပွဲသည် ဝင်ကြေးအခမဲ့ ဖြင့် ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ နည်းပညာနှင့် ဖျော်ဖြေရေးတို့ပါဝင်ကြောင်းသိရသည်။ လာရောက်ကြည့်ရှုသူများသည် ရဲ၊ မီးသတ်ဌာန၊ အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုနှင့် ကာကွယ်ရေး စသည့်ဝန်ကြီးဌာနတို့အပါအဝင် အမျိုးသားနှင့် စည်ပင်သာယာရေးအဖွဲ့များပါရှိ သော ပြပွဲများကို စူးစမ်းလေ့လာနိုင်မည်ဖြစ်သည်။ အားကစားနယ်မြေတွင် ဘောလုံး၊ ကာတင်၊ ဂျွမ်းဘား၊ နပန်း၊ လက်ဝှေ့နှင့် တောင်တက်စသည့် အမျိုးမျိုးသော လှုပ်ရှားမှုများ ရှိမည်ဖြစ်ပြီး လူကြိုက်များသော ဘူဂေးရီးယား အားကစားသမားများ၏ ဖျော်ဖြေမှုများလည်း ပါဝင်ကြောင်း သိရသည်။ ယဉ်ကျေးမှုနှင့်ပညာပေးကဏ္ဍများသည် ကျောင်းများ၊ သူငယ်တန်းကျောင်းများနှင့် ကလေးဆေးခန်းများကို မီးမောင်းထိုးပြပြီး ဖျော်ဖြေရေးကဏ္ဍတွင် စင်မြင့်ဖျော်ဖြေပွဲများ၊ ဂီတ၊ အကနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပါဝင်မည်ဖြစ်သည်။ ပွဲ၏အဓိကဆွဲ ဆောင် မှုများအဖြစ် အထူးပြုအကြမ်းဖက်မှုနှိမ်နင်းရေးဌာနမှ အဝေးထိန်းစနစ်ဖြင့် မိုင်းဖျက် သည့် စက်ရုပ်တစ်ရုပ်၊ ဒရုန်းများနှင့် မီးသတ်ကားတစ်စီးတို့ဖြစ်ပြီး ကလေးငယ်များသည် မီးသတ် ပိုက် အစစ်ကို အသုံးပြု၍ ရေဖြန်းမှုများကိုပြုလုပ်နိုင်မည်ဖြစ်သည်။ နိုင်ငံ၏အကြီးဆုံး ဆောက်လုပ် ရေးလုပ်ငန်းစုတစ်ခုမှ ကမကထပြု၍ အကျယ်အဝန်း ၂၀ စတုရန်းမီတာခန့် အရွယ်အစားရှိသော ကလေးသဲတွင်းတစ်ခုလည်းပါဝင်သည်။ ကလေးများသည် ပလပ်စတစ်ဖြင့် ပြုလုပ်ထား‌‌သော ထရပ်ကားများနှင့် အခြားသော ဆောက်လုပ်ရေးစက်များဖြင့်လည်း ဆော့ ကစားနိုင်မည်ဖြစ် ကြောင်းသိရသည်။

DOCA(ရန်ကုန်)