Main menu

သာကေတမြို့နယ်ရှိ ပိုင်ဆေးဆိုင်အား သွားရောက်စစ်ဆေးခြင်း

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (လ/ထ ကြီးကြပ်ရေးမှူး)နှင့်ဝန်ထမ်းများသည် ၂၃.၅.၂၀၂၅ ရက် ၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင်  အမှတ် (၁၂၁၅)၊ ခိုင်‌ရွှေဝါလမ်း၊ သာကေတမြို့နယ်ရှိ ပိုင်ဆေးဆိုင်အား   ဆိုင်တာဝန်ခံ ဒေါ်သင်းအိထွေးနှင့်   သွားရောက်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများ ရောင်းချမှုအခြေအနေတို့ကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်အတွင်းရှိ ဆေးဝါးများ (၁၀၀) ကျော် ရှိကြောင်း၊ အဆိုပါဆေးများကို မင်္ဂလာဈေးရှိ ဆေးဆိုင်များမှ ဝယ်ယူရောင်းချပါကြောင်း၊ ဝယ်ယူသည့် ဈေးနှုန်းအပေါ် ၅% အမြတ်တင်ရောင်းချခြင်းဖြစ်ကြောင်း၊ ပစ္စည်းပြတ်လပ်မှုမရှိမရှိပါကြောင်း ဖြေကြားခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်မှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)