
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ထော်အောက်ကျေးရွာတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို မေလ (၂၉)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ထော်အောက်ကျေးရွာ ရာအိမ်မှူးအိမ်၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲတွင် ကုန်စုံဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီး ဌာန မြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင်အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် နစ်နာဆုံးရှုံးမှုများ မရှိစေရေးအတွက် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့် အချက်များ၊ ကုန်ပစ္စည်းတစ်ခုချင်းစီ၌ ဖော်ပြပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ရှိလာပါက တိုင်ကြားနိုင်မည့် နည်းလမ်းများ စသည့် ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)