
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်းခြင်း၊ မျှစ်ချိုးရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာ သည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်းပြုသူ များရှိသည့်အနက် သပြေပန်းကိုလည်းချိုးပြီး ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချ လျက်ရှိကြောင်း သိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း သပြေပန်းအခက် တစ်စည်းလျှင် ၁,၅၀၀ ကျပ်၊ သပြေပန်းအငုတ်ကြီးတစ်ငုတ်လျှင် ၄,၀၀၀/၅,၀၀၀ ကျပ်နှင့် သပြေပန်းအငုတ်သေးတစ်ငုတ် လျှင် ၂,၅၀၀/၃,၀၀၀ ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး လူကြိုက်များသော ပန်းဖြစ်သည့် အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရသည်။
DOCA (စစ်ကိုင်း)