
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ရှားပါးသော ရာသီ၌ ရောင်းချ ရန်အတွက် ဒေသအတွင်းထွက်ရှိသည့် မျှစ်များ လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော မျှစ်ချို/မျှစ်ချဉ် ဈေးနှုန်းမှာ မျှစ်ချိုတစ်ပိဿာလျှင် ၈,၀၀၀ ကျပ်၊ ငါးဆယ်ကျပ်သားလျှင် ၄,၀၀၀ ကျပ်နှင့် ၂၅ ကျပ်သားလျှင် ၂,၀၀၀ ကျပ်၊ မျှစ်ချဉ်တစ်ပိဿာလျှင် ၈,၀၀၀ ကျပ်၊ ငါးဆယ်ကျပ်သားလျှင် ၄,၀၀၀ ကျပ်နှင့် ၂၅ ကျပ်သားလျှင် ၂,၀၀၀ ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ မျှစ်ချို/မျှစ်ချဉ် ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။
DOCA (စစ်ကိုင်း)