
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များတွင် မိမိတို့နေအိမ် ခြံဝင်းစည်းရိုးများနှင့် လယ်ယာမြေများပေါ်တွင် အရိပ်ရစေရန်အတွက် စိုက်ပျိုးကြသလို အလေ့ကျ ပေါက်ရောက်သည့် အပင်များလည်းရှိကြရာမှ ယခုအခါတွင် မန်ကျည်းသီးအမှည့်များကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ မေလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၏ မန်ကျည်းသီးမှည့်ဈေးနှုန်းများမှာ မန်ကျည်းသီးမှည့် (အစေ့လွတ်) တစ်ပိဿာလျှင် ၆,၀၀၀ ကျပ်၊ ၅၀ ကျပ်သားလျှင် ၃,၀၀၀ ကျပ်၊ ၂၅ ကျပ်သားလျှင် ၁,၅၀၀ ကျပ်နှင့် မန်ကျည်းသီးမှည့် (အစေ့ပါ) တစ် ပိဿာလျှင် ၂,၀၀၀ ကျပ်နှင့် ၅၀ ကျပ်သားလျှင် ၁,၀၀၀ ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။
DOCA (စစ်ကိုင်း)