Main menu

ကျွန်းလှမြို့တွင် ရောင်းချနေသော စွန်တာနီပဲ (ခေါ်) ပဲနီရေပွဈေးနှုန်း

Powered by Drupal

 ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ မိမိတို့တောင်ယာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ နေကြာ စသည်တို့အနက်မှ စွန်တာနီပဲ (ခေါ်) ပဲနီကိုလည်း စိုက်ပျိုးလျက်ရှိပြီး ပဲနီကို ကန့်ဘလူမြို့ပွဲရုံများနှင့် ကျွန်းလှမြို့ပေါ် ဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေး‌ကောင်းရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရ သည်။

 ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ပိတောက်မြိုင်ဈေး၏ စွန်တာနီပဲ (ခေါ်) ပဲနီရေပွ ဈေးနှုန်းများမှာ စွန်တာနီပဲ (ခေါ်) ပဲနီရေပွ တစ်ပြည်လျှင် ၄,၈၀၀ ကျပ်၊ နို့ဆီဘူး လေးဘူးလျှင် ၂,၄၀၀ ကျပ်နှင့် နို့ဆီတစ်ဘူးလျှင် ၆၀၀ ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)