Main menu

ချင်းတောင်ဒေသမှ ကလေးမြို့သို့ စီးဝင်လျက်ရှိသည့် စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက် အခြေအနေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ဈေးကွက်တွင် ချင်းတောင်မှ ထွက်ရှိသည့် ကြက်သွန်နီ၊ အာလူး၊ ပန်းမုန်လာ၊ ဂေါ်ရခါးသီးများ၊ ပန်းဂေါဖီနှင့် ခရမ်းချဉ်သီးများ အရောင်း အဝယ်ဖြစ်လျက် ရှိပြီး  ဈေးနှုန်း/ဈေးကွက်များအား ဒေါ်မိငယ် ကုန်စိမ်းပွဲရုံထံမှ မေးမြန်းသိရှိရပါသည်။

              ကလေးမြို့ပေါ်ဈေးကွက်တွင် တောင်ပေါ်ဒေသဖြစ်သည့် ဖလမ်းမြို့နယ်၊ ဗားလုံ၊ လုံးဟော့၊ ဇိုင်ဇော်လ်၊ လုမ်ဘန်း၊ ပါရ်သဲနှင့် ဘွာလ်ခွါကျေးရွာများတွင် အများဆုံး စိုက်ပျိုးပြီး ကလေးမြို့သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပါသည်။

          ကလေးမြို့ပေါ် တာဟန်းဈေး ဈေးကွက်တွင် ချင်းတောင်ဒေသမှ ထွက်ရှိသည့် သီးနှံရောင်းဈေးနှုန်းများ အနေဖြင့် အာလူး တစ်ပိဿာလျင် ( ၆၀၀၀ ) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျင် ( ၃၀၀၀ ) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျင် ( ၆၀၀၀ ) ကျပ်၊ ပန်းမုန်လာ တစ်ပိဿာလျင် ( ၇၀၀၀ ) ကျပ်နှင့် ဂေါ်ရခါးသီး တစ်ပိဿာလျင် ( ၅၀၀၀ )ကျပ်၊ ဂေါ်ဖီထုပ် တစ်ပိဿာလျင် ( ၄၀၀၀ ) ကျပ် ပေါက်ဈေး နှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း မေးမြန်း သိရှိရပါသည်။

Doca(စစ်ကိုင်း)