
ရွှေဘိုခရိုင်အတွင်းတွင် မေလ စတုတ္ထပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ် နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မေလ တတိယပတ်တွင် ရန်ကုန်သို့ (၄၈၁၅၀)အိတ်၊ မန္တလေးသို့ (၃၉၀၀၄) အိတ်၊နေပြည်တော်သို့ (၇၄၀)အိတ်၊ပဲခူးတိုင်းသို့ (၁၁၃၅၅)အိတ်၊ ဧရာဝတီတိုင်းသို့ (၁၅၅) အိတ်၊ မကွေးတိုင်းသို့ (၁၅၉၉)အိတ်၊ ရှမ်း(တောင်)သို့ (၂၄၅၅၀)အိတ်၊ ကချင်ပြည်နယ်သို့ (၃၀၇၀)အိတ်၊ မွန်ပြည်နယ်သို့ (၁၂၂၃၀)အိတ်၊ ကရင်ပြည်နယ်သို့ (၂၂၃၀) အိတ်၊ မူဆယ်သို့ (၉၃၀)အိတ်၊ ကယားပြည်နယ်သို့ (၃၆၀)အိတ်၊ စုစုပေါင်း အိတ်ရေ ၁၄၄၃၇၃ တန် အားဖြင့် ၇၂၁၉တန် စီးထွက်ခဲ့ပါသည်။
ယခု မေလ စတုတ္ထပတ်တွင် ရန်ကုန်သို့ (၄၉၉၃၆)အိတ်၊ မန္တလေးသို့ (၃၃၇၇၇) အိတ်၊နေပြည်တော်သို့ (၇၈၁)အိတ်၊ပဲခူးတိုင်းသို့ (၇၀၉၅)အိတ်၊ ဧရာဝတီတိုင်းသို့ (၇၄၀) အိတ်၊ မကွေးတိုင်းသို့ (၇၆၇)အိတ်၊ ရှမ်း(တောင်)သို့ (၂၂၆၇၀)အိတ်၊ ကချင်ပြည်နယ်သို့ (၁၆၅၀)အိတ်၊ မွန်ပြည်နယ်သို့ (၁၈၉၉၅)အိတ်၊ ကရင်ပြည်နယ်သို့ (၂၉၇၀) အိတ်၊ မူဆယ်သို့ (၉၄၂)အိတ်၊ စုစုပေါင်း အိတ်ရေ ၁၄၀၃၂၃ တန် အားဖြင့် ၇၀၁၆တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ ၄၀၅၀၊ တန်အားဖြင့် ၂၀၃တန် လျော့၍ စီးထွက် ခဲ့ပါသည်။
ရွှေဘိုမြို့၏ မေလ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၄၂၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၄၅၀၀၀ ၊ ဧရာမင်းစပါး တင်း ၁၀၀လျှင် ကျပ် ၂၄၀၀၀၀၀၊ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။
Doca(စစ်ကိုင်း)