မိတ္ထီလာဈေးကွက်တွင် မေလတတိယပတ်၌ ဘိလပ်မြေဈေးငြိမ်နေသော်လည်း ပစ္စည်းလက်ကျန် နည်းကြောင်းသိရသည်။ မေလတတိယပတ် မိတ္ထီလာမြို့ပေါ်တွင် အရောင်းအဝယ်ဖြစ်သော ဘိလပ် မြေအမျိုးအစားများမှာ အပါချီဘိလပ်မြေတံဆိပ်ကို အနည်းငယ်တွေ့ရပြီး၊ ကြံ့နှစ်ကောင်၊ ရှမ်းရိုးမ တံဆိပ်ဘိလပ်မြေများမှာ လက်ကျန်မရှိသလောက်ပင်ဖြစ်သည်။ အရောင်းအဝယ်ဖြစ်သော အပါချီမှာ တစ်အိတ်လျှင် (၂၂၅၀၀) ကျပ်ဈေးရှိပြီး၊ ဈေးကွက်အတွင်းလက်ကျန်နည်းနေကြောင်းသိရသည်။ ဈေးကွက်သို့ ဘိလပ်မြေဝင်ရောက်မှုမှာ အရောင်းဆိုင်များသို့ နှစ်ပတ်သုံးပတ်တစ်ကြိမ်သာ ဝင်ရောက် ပြီးဝယ်လိုအားမှာ ပုံမှန်ရှိနေခြင်းဖြစ်သည်။ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအတက်အကျမရှိ သေးသော်လည်း ဈေးကွက်တွင် ဘိလပ်မြေ လက်ကျန်နေည်းနေကြောင်း ဈေးကွက်မှသိရသည်။
DOCA(မန္တလေး)