
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ဈေးများဖြစ်သော မြို့မဈေး အတွင်းသို့ ဒညင်းသီးဝင်ရောက်လျက်ရှိကြောင်း၊ဒညင်းသီးပင်သည် ပူအိုက်စိုဆွတ်သော ရာသီဥတုကို နှစ်သက် ကြောင်း၊ ဒညင်းပင်သည် မတ်လတွင် အသီးဖြစ်ထွန်းပြီး ဧပြီနှင့်မေလများမှာ အသီးများ ရင့်မှည့်ပြီး ဈေးကွက်အတွင်းသို့ရောင်းချကြောင်း၊ ဒညင်းသီးအများဆုံးထွက်ရှိသော ဒေသမှာ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊တနင်္သာရီ၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ နောင်ချိုဒေသများတွင် အများဆုံးစိုက်ပျိုးထွက်ရှိကြောင်း သိရှိရသည်။ မတ်လကုန်တွင် ထွက်သော ဒညင်းသီးများ နုသော်လည်း ပေါ်ဦးပေါ်စတွင် ဈေးကောင်းရကြောင်း၊ ပေါ်စတွင် ဒညင်းသီး (၁၀)လုံးဈေး (၃၀၀၀) ကျပ်မှ (၅၀၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ ယခုအချိန်တွင် ဖြိုင်ဖြိုင်ထွက်ရှိသောကြောင့် ဒညင်းသီးအလုံးသေး (၁၀)လုံးလျှင်(၁၅၀၀)ကျပ်၊ အလုံးလတ် (၁၀)လုံးဈေး (၂၀၀၀) ကျပ်နှင့် အလုံးကြီး(၁၀)လုံးဈေး (၃၀၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ ဖောက်သည်ဈေးမှာ ရာဈေး၊ ထောင်ဈေး သပ်သပ်ရှိကြောင်း၊ ဒညင်းသီးစားသုံးခြင်းဖြင့် အဟာရမရရှိသော်လည်း လူကြိုက်များပြီး ဝယ်လိုအားများသောကြောင့် အရောင်းသွက်ကြောင်း ဒညင်းသီးကို အမျိုးမျိုးပြုလုပ် စားသုံးကြ ကြောင်း၊ ဒညင်းသီဆားစိမ်၊ ဒညင်းသီးငါးပိချက်၊ ဒညင်းသီးအုန်းနို့စမ်း၊ ဒညင်းသီးအတို့အမြှုပ် စသည်ဖြင့် အမျိုးမျိုး ချက်ပြုတ်စားသုံးကြကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)