
မြင်းခြံမြို့နယ်သည် အပူပိုင်းမိုးနည်းရပ်ဝန်းဖြစ်သောကြောင့် ငရုတ်ချိုစိုက်ပျိုးမှုမရှိကြောင်း၊ မြန်မာနိုင်ငံတွင် လူသိများပြီး ဈေးကောင်းရသော ဟင်းသီးဟင်းရွက်သီးနှံ ငရုတ်ပွ (ခေါ်) ငရုတ် ချိုကိုလူအများစားသုံးကြကြောင်းသိရှိရသည်။
မြင်းခြံဈေးကွက်တွင် ရောင်းချနေသော ငရုတ်ချိုများကို မန္တလေးမြို့ ကုန်စိမ်းဈေးမှ ဝယ်ယူ ရောင်းချကြောင်း၊ ငရုတ်ပွတစ်တောင့်လျှင် (၃၀၀ - ၅၀၀) ကျပ်၊ ၂၅ ကျပ်သားလျှင် (၁၅၀၀ - ၂၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်း၊ အရွယ်အစား အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်း အနည်း ငယ်ကွာခြား ကြောင်း၊ စားသုံးမှုအနေဖြင့် ငရုတ်ပွများကို အသားမျိုးစုံနှင့် အစာသွပ်ကြော်ချက်ခြင်း၊ သီးနှံများနှင့် ရောနှောကြော်ချက်ခြင်း၊ ဟင်းရည်ချက်ပြုတ်ခြင်း၊ စားသောက်ဆိုင်များက အသုံးပြုခြင်းကြောင့် စားသုံးမှုများပြီး ရောင်းအားကောင်းကြောင်း အေးမြသီတာဈေးအတွင်းရှိ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)