Main menu

တောင်ငူမြို့ ညောင်ပင်ဈေးတွင်ခရမ်းချဉ်သီးများဈေးနှုန်းဆက်လက်မြင့်တက်

Powered by Drupal

      ခရမ်းချဉ်သီးမှာ အိမ်ရှင်မများ၏ မီးဖိုချောင်တွင် အသုံးပြုရသော ပါဝင်ပစ္စည်း ဖြစ်ပါသည်။ ဟင်းအိုးတော်တော်များများတွင် ထည့်သွင်းအသုံးပြုရသော ပါဝင်ပစ္စည်းတစ်မျိုး ဖြစ်သောကြောင့်လည်း အိမ်ရှင်မများအနေဖြင့် မဖြစ်မနေဝယ်ယူအသုံးပြုရပါသည်။

      ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် မတ်လတွင် တစ်ပိဿာလျှင် (၁၅၀၀) ကျပ်နှင့် ဧပြီလတွင် တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်သွားပြီး ယခုမေလတွင် ခရမ်းချဉ်သီး (၁) ပိဿာလျှင် အကြီး/အသေးအလိုက် တစ်ပိဿာလျှင် (၂၀၀၀)၊ ၂၅၀၀ နှင့် ၂၈၀၀ကျပ် အထိ ဈေးနှုန်းများဆက်လက်မြင့်တက်လျက်ရှိပါသည်။

     ယခုကဲ့သို့ ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်သွားခြင်းမှာ ဒေသတွင်းခရမ်းချဉ်သီးနှင့် မုံရွာဒေသမှ ရာသီအလိုက်ထွက်သော ခရမ်းချဉ်သီးများတင်ပို့နိုင်မှုမရှိခြင်းကြောင့် ဖြစ်ကြာင်း တောင်ငူမြို့ ညောင်ပင်ဈေးရှိ ခရမ်းချဉ်သီး ရောင်းချသူတစ်ဦးထံမှ သိရှိခဲ့ပါသည်။ ယခုရောင်းချသော ခရမ်းချဉ်သီးများမှာလည်း ရှမ်းပြည်နယ်၊ ညောင်ရွှေဒေသမှ တင်ပို့ရောင်းချသော ခရမ်းချဉ်သီးများ ဖြစ်ကြောင်းလည်း သိရှိခဲ့ပါသည်။

DOCA(ပဲခူး)