Main menu

ဘားအံမြို့ဒေသထွက် ရုံးပတီသီးဈေးနှုန်းအခြေအနေ

Powered by Drupal

        ၂၀၂၅  ခုနှစ် မိုးရာသီ မေလတွင် ကရင်ပြည်နယ်၊ဘားအံမြို့ဒေသထွက် ရုံးပတီသီးဈေးနှုန်း အနည်းငယ်တက်နေသော်လည်း ဈေးကွက်အတွင်းပိုမိုဝင်ရောက်လျက်ရှိကြောင်းနှင့် ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် မေ လ တတိယပတ်တွင် အိမ်တိုင်ကုန်းရှိ ရုံးပတီသီးစိုက်ပျိုးတောင်သူ ဦ;ကျော်ကြီး ရုံးပတီမျိုးစေ့ (၁၀၀) ဂရမ် အစေ့ပေါင်း (၇၀၀)ပါပြီး အစေ့စိုက်ပျိုးရကြောင်း၊ ပင်ကြားတန်းကြား၊ အပင်စိုက်တန်းတစ်တန်းတွင် (၁)ပေ (သို့မဟုတ်) (၂)ပေခွာပြီ စိုက်ပျိုးရကြောင်း၊ စိုက်ခင်းကိုတော့ တစ်လလျှင် (၂)ကြိမ် ရေသွင်းပေးရကြောင်း၊ ရုံးပတီသီးအား စိုက်ပျိုးပြီး ရက်ပေါင်း ၃၀ မှ ၆၀ ဆိုလျှင် စတင်ခူးဆွတ်နိုင်ပါသည်။ ဈေးနှုန်းအနေဖြင့် ယခင်လက ရုံးပတီသီးဈေးနှုန်း တစ်ပိဿာလျှင် (၁၈၀၀၊၂၀၀၀)ကျပ်ဖြင့်လည်းကောင်း ယခုအခါတွင်ရုံးပတီသီးဈေးနှုန်း တစ်ပိဿာလျှင် (၂၅၀၀)ကျပ်တိုဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)