Main menu

ကယားပြည်နယ်ဆန်စျေးနှုန်း

Powered by Drupal

    ၂၀၂၅ခုနှစ်၊မေလ(၂၃)ရက်နေ့၊နံနက်(၈း၃၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာစျေး၌ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍ အခြေခံစားကုန်စျေးနှုန်းများ ကွင်းဆင်းကောက်ယူခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းကောက်ယူခဲ့ရာ လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော ဆန်စျေးနှုန်းများမှာ ငစိန် ဆန်(၁)ပြည် (၄၀၀၀)၊ ဧည့်မထ(မနောသုခ)ဆန် (၁) ပြည်လျှင်(၄၅၀၀)ကျပ်၊ ပေါ်ဆန်းမွှေးဆန် (ရွှေဘို) (၁)ပြည်(၈၂၀၀)၊ပေါ်ဆန်းမွှေးဆန် (ဧရာ) (၁)ပြည်လျှင်(၅၅၀၀)ကျပ်၊ ရွှေရင်အေးဆန်(၁) ပြည်လျှင်(၅၅၀၀)ကျပ်ခန့်ရှိကြောင်း ဆန်ရောင်းချသူများထံမှ သိရှိရပါသည်။

    ယခင်တစ်ပတ်စျေးနှုန်းများမှာ ငစိန်ဆန် (၁) ပြည်(၄၀၀၀)၊ဧည့်မထ(မနောသုခ) ဆန်(၁) ပြည်လျှင်(၄၅၀၀)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ရွှေဘို) (၁) ပြည်(၈၀၀၀)၊ ပေါ်ဆန်းမွှေးဆန် (ဧရာ)(၁) ပြည်လျှင် (၆၀၀၀)ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်စျေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ပေါ်ဆန်းမွှေးဆန် (ရွှေဘို) (၁) ပြည်(၂၀၀)ကျပ်စျေးတက်သွားပြီး ပေါ်ဆန်းမွှေးဆန် (ဧရာ) (၁)ပြည်လျှင် (၅၀၀)ကျပ် စျေးကျသွားကြောင်းနှင့် ကျန်ဆန်စျေးနှုန်းများ ပြောင်းလဲမှုမရှိကြောင်း သိရပါသည်။

DOCA(ကယား)