Main menu

ကန့်ဘလူမြို့နယ်တွင် ဒေသထွက် မေမြို့ပန်းနှင့် သပြေပန်းများ အဝင်နည်း၍ အရောင်းသွက်

Powered by Drupal

မေမြို့ပန်းသည် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်ဖက်ညီသောပန်းဖြစ်ပြီး၊ မေမြို့ပန်းသည် အဖြူရောင်၊ အဝါရောင် ၊ ပန်းရောင် စသည့်ဖြင့် အရောင်စုံလင်စွာဖြင့် လှပသောပန်းတစ်မျိုးဖြစ်ပြီး လူကြိုက်များကြောင်း၊ မေမြို့ပန်းများကို ဘုရားပန်းအဖြစ် ပူဇော်ခြင်းနှင့် မြန်မာ့ဓလေ့ထုံးတမ်းများ တွင် အထူးသဖြင့် ဘာသာရေးနှင့် ပွဲလမ်းသဘင်များတွင် အသုံးပြုလေ့ရှိကြောင်း သိရသည်။

ယခုအခါ ကန့်ဘလူမြို့နယ်အတွင်း မေမြို့ပန်းများ အထွက်နည်းလားကြောင်း၊ စိုက်ပျိုးမှု အနေဖြင့် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးရှိကျေးရွာများတွင် စိုက်ပျိုးကြပြီး ကန့်ဘလူ မြို့မဈေးသို့ လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလတတိယပတ်အတွင်း မေမြို့ပန်း(၁) စည်းလျှင်(၅၀၀)ကျပ်၊ (၃)စည်းလျှင် (၁၃၀၀)ကျပ်နှင့် (၅)စည်းလျှင် (၂၃၀၀)ကျပ်ဖြင့် ရောင်းချ ကြောင်း အဝင်နည်းလာသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပြီး အလားတူပင် သပြေပန်းသည် အပွင့်မျိုးမဟုတ်၊ ရိုးတံအသစ်များမှ အရွက်နုကလေးများသည် ပန်းရောင်း၊ အနီရောင်အဆင်းရှိပြီး လူကြိုက်များကြောင်း၊ သပြေပန်းကို အခက်စည်းနှင့် အငုတ်ဟူ၍(၂)မျိုး ရောင်းချကြောင်း၊ မေလ တတိယပတ်အတွင်း သပြေပန်းခက်(၁)စည်းလျှင်(၁၀၀၀) ကျပ်၊ သပြေ ငုတ်ကြီး(၁)ငုတ်လျှင် (၅၀၀၀)ကျပ်နှင့် သပြေငုတ်သေး(၁)ငုတ်လျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချ ကြောင်း၊ သပြေပန်းငုတ်သည် ကြာရှည်ခံသည့်အတွက် လူကြိုက်များကာ အရောင်းသွက် လျက်ရှိ ကြောင်း ပန်းရောင်းသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)