
၂၇-၅-၂၀၂၅ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသော မြိတ်မြို့နယ်တရားမဝင် Sim Card ရောင်းချမှုစစ်ဆေးရေးအဖွဲ့ အစည်းအဝေးအား မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဒေါ်မိုးသီသီမှ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် Sim Card အရောင်းဆိုင် (POS) များ၊ အော်ပရေတာများနှင့် စာချုပ် ချုပ်ဆိုထားခြင်း ရှိ/မရှိ စိစစ်ရေး၊ ကြိုတင်မှတ်ပုံတင်ထားသော Sim Card များရောင်းချမှု မရှိစေရေးနှင့် တရားမဝင် Sim Card များရောင်းချမှုမရှိစေရေး၊ Sim Card များအား စနစ်တကျမှတ်ပုံတင်၍ ရောင်းချစေရေးနှင့် လွှဲပြောင်းရာတွင် စနစ်တကျ ပြန်လည်မှတ်ပုံတင်စေရေးအတွက် သက်ဆိုင်ရာ အဖွဲ့ဝင်များမှလည်း ပူးပေါင်းဆောင်ရွက်ပေးကြပါရန်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ပြီး မြိတ်မြို့ပေါ်ရှိ Sim Card အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (တနင်္သာရီ)