
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များနှင့် အခြားကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုလည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကြက်သွန်ဖြူရှမ်းဥအလုံးကြီး တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဗမာဖြူတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ အစားအသောက်ချက်ပြုတ်ရာတွင် အနံ့အရသာအတွက် ကြက်သွန်ဖြူကို အသုံးပြုသည့်ကြအတွက် စားသောက်ဆိုင်များနှင့် အိမ်ရှင်မများအတွက် မရှိမဖြစ်လိုအပ်ကာ ဝယ်ယူကြကြောင်း၊ ကျန်းမာရေး အတွက်လည်း ဓာတ်စာအဖြစ်စားသုံးကြသည့်အတွက် ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)