Main menu

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့် ကြက်သွန်နီဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုံလာဥဖြူ၊ မုံလာထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြကြောင်း ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားကျေးရွာများတွင် မိသားစု စားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီများကို စိုက်ပျိုးကြကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကြက်သွန်နီအလုံးကြီး တစ်ပိဿာလျှင်(၁၈၀၀)ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် (၁၆၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ သိရသည်။

DOCA(စစ်ကိုင်း)