Main menu

မိတ္ထီလာ ပဲဈေးကွက်အခြေအနေ

Powered by Drupal

    မိတ္ထီလာမြို့ ပဲမျိုးစုံ ဈေးကွက်တွင် ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားရှိသည့် ကုလားပဲ၊ ပဲစင်းငုံများ ကို မိတ္ထီလာမြို့နယ်အတွင်းရှိ မြင်းတဲ၊ သဖန်းပင်ရိုး၊ မြေတိုင်ကုန်း၊ အလယ်ရွာ၊ ရေဝေစသည့် ကျေးရွာများနှင့် သာစည်၊ မလှိုင်မြို့နယ်များမှ ဈေးကွက်အတွင်း ပုံမှန်ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဝယ်လိုအားအနေဖြင့် ပဲစင်းငုံကို ပြည်ပဝယ်လက်များမှ ဝယ်ယူပြီး ကုလားပဲကို ဒေသတွင်း ပဲခွဲစက်များမှ အများဆုံးဝယ်ယူကြောင်းသိရသည်။

      ဈေးကွက်အတွင်း မေလတတိယပတ်တွင် ပဲစင်းငုံနီ တစ်တင်းလျှင် ကျပ်(၈၈၀၀၀-၉၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် ကာလတူနှိုင်းယှဉ်ပါက ပဲစင်းငုံတစ်တင်းလျှင် (၂၀၀၀) ကျပ်ခန့် ကျဆင်းလာကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချပြီး တစ်ပတ်လျှင် အိတ်ရေ (၅၀၀) ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          မေလတတိယအပတ်အတွင်း ကုလားပဲ V2 တစ်တင်းလျှင် (၈၄၀၀၀-၈၈၀၀၀) ကျပ် (929) တစ်တင်းလျှင် (၈၅၀၀၀) ကျပ်၊ ကုလားပဲ V1 တစ်တင်းလျှင် (၈၇၀၀၀) ကျပ်၊ ထိုင်ဝမ် တစ်တင်းလျှင် (၈၂၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် ကုလားပဲ V2 တစ်တင်းလျှင် (၁၀၀၀၀) ကျပ် ၊(929) တစ်တင်းလျှင် (၁၂၀၀၀) ကျပ်၊ ထိုင်ဝမ် တစ်တင်း လျှင် (၁၂၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ မန္တလေးလှောင်လတ်သမားများနှင့် ဒေသတွင်းပဲခွဲစက်များမှ အဝယ်လိုက်နေခြင်းကြောင့် ဖြစ်ပြီး မိတ္ထီလာ မြို့ပွဲရုံများတွင် တစ်ရက်လျှင် အိတ်ရေ (၅၀၀-၈၀၀) အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံပွဲရုံများမှ သိရှိရပါသည်။

DOCA(မန္တလေး)