Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ရာသီစာ ဂွေးတောက်ရွက်ဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချလျက်ရှိကြောင်း ၊ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်ဂွေးတောက်ရွက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့်  ဂွေးတောက်ရွက်ဈေးနှုန်းမှာ လက္ကား(၁)ပိဿာလျှင် (၃၂၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၃၃၀၀) ကျပ်၊ (၁၀)ကျပ်သားလျှင်(၃၅၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ဂွေးတောက်ရွက်များကို ကန့်ဘလူမြို့ ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)