Main menu

မော်လမြိုင်မြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ၂၂.၅.၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မွန်ပြည်နယ် ဆန်ကုန်သည်အသင်း၊ မွန်ပြည်နယ်ဆန်စက်အသင်းတို့ပါဝင်သော ဆန်စပါးသိုလှောင်ရုံ စစ်ဆေးရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့၊ ဈေးကြိုရပ်၊ ရတနာထွန်းပွဲရုံနယ်မြေရှိ ဆန်စပါးသိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

       ထိုသို့ ကွင်းဆင်းစစ်‌ဆေးရာတွင် ရတနာထွန်းပွဲရုံနယ်မြေရှိ ဆန်စပါးသိုလှောင်ရုံများမှာ Myanmar Rice Online System တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ရတနာထွန်းပွဲရုံနယ်မြေရှိ ဆန်စပါးသိုလှောင်ရုံများမှာ MyRO တွင် မှတ်ပုံတင်ထားကြောင်း စစ်ဆေးတွေ့ရှိရပြီး သိုလှောင်ရုံပိုင်ရှင်များအား လစဉ် လဆန်း (၁) ရက်မှ (၇) ရက်အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များကို ပုံမှန်ထည့်သွင်းပေးရန် အသိပညာပေး ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (မွန်)