
(၂၁.၅.၂၀၂၅) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထို မြို့နယ်တာဝန်ခံသည် မော်လမြိုင်မြို့နယ် Sim Card စစ်ဆေးရေးအဖွဲ့ဝင်ဌာနများဖြစ်သည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်းရှိ Sim Card အရောင်းဆိုင်များနှင့် ဖုန်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်များတွင် ရောင်းချနေသော Sim Card များမှာ မှတ်ပုံတင်ထားခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး တရားမဝင် Sim Card ရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)