
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ထားဝယ်မြို့မစျေးကြီးများနှင့် ပျံကျစျေးများတွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ယခုအခါ ထားဝယ်မြို့ရှိ မေလအတွင်း ပဲတောင့်ရှည်သီး စျေးနှုန်းများမှာ ပဲတောင့်ရှည်သီး အစည်းငယ်တစ်စည်းလျှင် ၈၀၀ကျပ်ရှိပြီး ပဲတောင့်ရှည်သီးတစ်စည်းလျှင် (၃၅၀၀) ကျပ်ရှိကြောင်း ရောင်းချသူတွေများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)