Main menu

ဒညင်းသီးဈေးနှုန်း

Powered by Drupal

     မေလဒုတိယပတ်တွင် ရာသီပေါ်ဒညင်းသီးများ ထွက်ပေါ်လာပြီဖြစ်ရာမြင်းခြံမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိပါသည်။ မိုးဦးကျအချိန်မှာ ပေါ်လာတတ်တဲ့ဒညင်းသီးကို မြန်မာလူမျိုးတော်တော်များများစားသုံးကြပါသည်။ ဒညင်းသီးကို အတို့အမြှပ်အနေ ဖြင့်လည်းကောင်း၊ ဒညင်းသီးငပိချက်ဖြင့်လည်းကောင်း၊ ဆားရည်စိမ်ပြီးစားသုံးကြပါသည်။ သဲမြေထဲမှာ အပင်ဖောက်ပြီး          ဒညင်းဝက်ပြုလုပ်၍လည်း စားသုံးလေ့ရှိကြသည်။ မီးလေးအုံးပြီးတို့စားတာ၊ ပြုတ်ပြီးတို့စားတာ၊ အစိမ်းနုနုလေးကိုတို့စားတာတွေရှိကြပါသည်။ ဒညင်းသီးမှာ အဆိပ်အတောက် အနည်းငယ်ပါဝင်ပါသည်။  ဒညင်းသီးမှာ မိုင်နိုအက်ဆစ်တစ်မျိုးဖြစ်သည့် djenkolic acid ပါဝင်နေသည်။ ထိုအက်ဆစ်က ဒညင်းသီးအဆိပ်တက်တာကိုဖြစ်စေ နိုင်သည့်ကိုသတိပြုရန် လိုအပ်ပါသည်။ ဒညင်းသီးဈေးနှုန်းများအနေဖြင့် ဒညင်းသီး(၇)လုံးလျှင်(၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)