Main menu

မိတ္ထီလာခရိုင် ဆန်ဈေးကွက်အခြေအနေ

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် (မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်)မြို့နယ် (၄)မြို့နယ်စလုံး  မိုးစပါး၊ နွေစပါးစိုက်ပျိုးကြသော်လည်း လူဦးရေများပြားခြင်းကြောင့်  ဆန်လိုအပ်ချက်ရှိသည့် ခရိုင်ဖြစ်၍ စပါးအဓိကထွက်ရှိရာ အခြားတိုင်းဒေသကြီးမှလည်း တင်သွင်းရောင်းချရပါသည်။

     ဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ရန်ကုန်ပေါ်ဆန်း၊ သုခအုပ်စုများနှင့် ငစိန်၊ ရက်(၉၀)ဆန်တို့အား အဓိကတင်သွင်းရောင်းချကြပြီး ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ရန်ကုန်ပေါ်ဆန်း (၃)မျိုးအနက် ရွှေဘိုပေါ်ဆန်းမှာ လူကြိုက်များသောကြောင့် ဈေးကွက်တွင်ပိုမိုရောင်းချရပြီး ဈေးနှုန်းမှာ အခြားပေါ်ဆန်းများထက် အနည်းငယ်မြှင့်တက်လျက်ရှိပါသည်။ မနောသုခအနေဖြင့် ဆင်းသုခ၊ ဗျောသုခ၊ ဖန်သီးသုခဆန်များ ရောင်းချလျက်ရှိရာ ဖန်သီးသုခကို ဧရာဝတီတိုင်းဒေသကြီးမှလည်းကောင်း၊ ဗျောသုခကို ပဲခူးတိုင်းဒေသကြီးမှ လည်းကောင်း၊ ဆင်းသုခ ကို ဒေသတွင်းမှထွက်ရှိသော ဆန်များကိုသာ အဓိကရောင်းဝယ်လျက်ရှိကြောင်း၊ ဧရာပဒေသာ ဆန်ကို မကွေး၊ ကျောက်ဆည်၊ မြစ်သားမြို့များမှ တင်သွင်းရောင်းချမှုအပြင် ဒေသတွင်းထွက်ရှိသည့် အရပ်ပဒေသာများကိုလည်း ရောင်းချကြပါသည်။ မိတ္ထီလာမြို့ရှိ ဆန်ပွဲရုံနှင့် ဆန်ဆိုင်များမှ ခရိုင်အတွင်းရှိမြို့နယ်များသို့ ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဆန်အသစ် များသာ အရောင်းအဝယ်အဖြစ်များနေသဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း ဈေးကွက်မှ သိရပါသည်။

DOCA(မန္တလေး)