မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့ဈေးအတွင်း မေလတတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင်(၁၅၅၀၀၀)ကျပ်၊ ရန်ကုန်ပေါ်ဆန်း တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ဧရာပေါ်ဆန်း တစ်အိတ်လျှင်(၁၃၅၀၀၀)ကျပ်၊ ကုန်းစောင်းပဒေသာ(ဟောင်း) တစ်အိတ်လျှင်(၁၃၅၀၀၀)ကျပ်၊ ကုန်းစောင်းပဒေသာ(သစ်) တစ်အိတ်လျှင်(၁၁၇၅၀၀)ကျပ်၊ ပဒေသာ(ဟောင်း) တစ်အိတ်လျှင်(၁၁၆၀၀၀)ကျပ်၊ ပဒေသာ(သစ်) တစ်အိတ်လျှင်(၁၀၆၀၀၀)ကျပ်၊ ဖန်သီးသုခ(ဟောင်း) တစ်အိတ်လျှင် (၉၈၀၀၀)ကျပ်၊ ဗျောသုခ(ရှယ်) တစ်အိတ်လျှင်(၈၅၀၀၀)ကျပ်၊ အရပ်သုခ တစ်အိတ်လျှင်(၈၀၀၀၀)ကျပ်၊ ရက် (၉၀) တစ်အိတ်လျှင် (၇၀၀၀၀)ကျပ်၊ ငစိန် တစ်အိတ်လျှင်(၇၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရပါသည်။ ယခင်လနှင့်ကာလတူ နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်းနှင့် ကုန်းစောင်းပဒေသာတို့မှာ အနည်းငယ်မြှင့်တက် လာပြီး အလတ်စဆန် အမျိုးအစား တို့မှာ ဈေးငြိမ်နေကြောင်း၊ မိတ္ထီလာမြို့နယ်ရှိ ဆန်ပွဲရုံများအနေဖြင့် ဒေသတွင်းထွက်ရှိသော ဆန်များအပြင် ရန်ကုန် ၊ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီနှင့်မကွေးတို့မှ ဝယ်ယူပြီး ခရိုင်အတွင်း မြို့နယ်များ ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်း သိရှိရသည်။
DOCA(မန္တလေး)