Main menu

သာစည်မြို့နယ်မှ စီးပွားဖြစ်သင်္ဘောသီး

Powered by Drupal

    သာစည်မြို့နယ်ရှိ လယ်ယာလုပ်ကိုင်သော တောင်သူများအနေဖြင့် ပဲ၊ နှမ်း၊ ဝါစသည့် လယ်ယာထွက်ကုန်သီးနှံများအပြင် သစ်သီးဝလံတစ်မျိုးဖြစ်သည့် သင်္ဘောသီးကိုလည်း စီးပွားဖြစ် ဧကအလိုက် စိုက်ပျိုးကြောင်းသိရသည်။

      သင်္ဘောသီးကို အိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသကဲ့သို့ စီးပွားဖြစ် ဧကအလိုက် စိုက်ပျိုးရာတွင် တပေါင်း၊ တန်ခူးလများ၌  ပျိုးထောင်ခဲ့ပြီး လက်ရှိအချိန် (ကဆုန်လ)မှာတော့ စိုက်ခင်းအတွင်း ပြောင်းရွှေ့ စိုက်ပျိုးကြပါသည်။ သင်္ဘောပင်တစ်ဧကလျှင် အပင်(၇၀၀) ဆံ့ပြီး တစ်ဧကလျှင် အလုံး(၆၀၀၀) ဝန်းကျင်ထွက်ရှိပါသည်။ စိုက်ပျိုးပြီးအပင်သက်တမ်း (၆)လ အကြာမှာ အသီးခူးဆွတ်နိုင်ကာ အသီးခူး ဆွတ်နိုင်သည့် ကာလမှာလည်း (၆)လအထိ ခူးဆွတ်နိုင်ပါသည်။ ယခင်နှစ် မေလက စိုက်ပျိုးခဲ့သော သင်္ဘောပင်များမှာ နိုဝင်ဘာလမှ စတင်ခူးဆွတ်ခဲ့ရာ လက်ရှိအချိန်မှာတော့  အသီးသီးနှုန်းကျဆင်းလာပြီး နောက်တစ်ရာသီ အတွက် စတင်စိုက်ပျိုးရန် ပြင်ဆင်နေကြောင်း သင်္ဘောသီးစိုက်တောင်သူများထံမှ သိရသည်။ အသီး သီးနှုန်း ကျဆင်းလာပြီး  အသီးအရွယ်အစားအလိုက် လက်ရှိပေါက်ဈေးမှာ  အလုံးကြီး/အသေး (၃-၄) လုံးဆံ့ တစ်အိတ်လျှင် (၄၀၀၀) ကျပ် ဖြင့် မိတ္ထီလာ၊ မန္တလေးမြို့များသို့  တင်ပို့ရောင်းချကြောင်း သိရသည်။

DOCA(မန္တလေး)