
မိတ္ထီလာမြို့ဈေးကွက်အတွင်း မေလတွင် စိုက်ပျိုးရေးသုံးပစ္စည်းအရောင်ဆိုင်များမှာ မိုးဦးကျ စိုက်ခင်း မြေပြင်ချိန်ဖြစ်၍ မြေခံမြေဩဇာ နှင့် သီးနှံမျိုးစေ့များ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။
ဓါတ်မြေဩဇာဈေးနှုန်းများအနေဖြင့် မေလတတိယအပတ်တွင် ယူရီးယားဖြိုးမောက် တစ်အိတ်လျှင် ၁၀၀၀၀၀/ကျပ် ၊ (တရုတ်)ယူရီးယားရွှေတောင် တစ်အိတ်လျှင် ၁၁၀၀၀၀/မှ ၁၀၅၀၀၀/ကျပ် ၊ အာမို(၁၅: ၁၅: ၁၅) တစ်အိတ်လျှင် ၁၈၀၀၀၀/ကျပ် ၊ (ထိုင်း)အာမို(၁၀: ၁၀: ၁၀)တစ်အိတ်လျှင် ၁၀၀၀၀၀/ကျပ် ၊ (ထိုင်း)အာမို (၁၆: ၁၆: ၁၆) တစ်အိတ်လျှင်၁၇၄၀၀၀/ကျပ် ၊ (တရုတ်)တီစူပါ ၄၆% 50kg ပါတစ်အိတ် လျှင်၁၀၀၀၀၀/ကျပ် ၊ ကွန်ပေါင်း (၁၀: ၁၀: ၅)၉၀၀၀၀/ကျပ် ၊ ကွန်ပေါင်း (၁၃: ၅: ၇) ၈၇၀၀၀/ကျပ် ၊ ကွန်ပေါင်း (တက်တိုး)(၁၅: ၇: ၈) ၉၃၀၀၀/ ကျပ်၊ကြက်ခြေးမြေဩဇာ(ဇာမနီ)50kg ၃၀၀၀၀/ကျပ် ၊ ပိုးသတ်ဆေး အမျိုးအစားများ ဖြစ် သည့် ဆိုင်ကလုန်း ၁လီတာတစ်ဗူးလျှင် ၈၅၀၀၀/ ကျပ် ၊ ပရိုလန်း ၁လီတာတစ်ဗူးလျှင် ၈၅၀၀၀/ကျပ် ၊ ရွှေမျှား 250cc တစ်ဗူးလျှင် ၆၅၀၀/၇၀၀၀ ကျပ်၊ ဂိုး 250cc တစ်ဗူးလျှင် ၁၀၀၀၀/ကျပ် ၊ အဆီဖိတ်(ခရု)မြန်မာ့ဩဘာ 500g ၂၉၀၀၀/ကျပ်၊ရှင်းရှင်း ၇၀၀wdg ၃၂၀၀၀/ကျပ် ၊ ယာရှင်း ၉၆၀အီးစီ ၃၃၀၀၀/ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိရာ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ယူရီးယား မြေဩဇာဈေးနှုန်းများအနေဖြင့် ဈေးအနည်းငယ်ကျလျက်ရှိပြီး ၊ မြေခံမြေဩဇာများသာအရောင်းအဝယ်သွက်လျက်ရှိကြောင်းဈေးကွက်မှ သိရှိရပါသည်။
DOCA(မန္တလေး)