Main menu

ခါကြက်ဥနီစျေးနှုန်းစျေးကွက်

Powered by Drupal

            မန္တလေးဈေးကွက်သို့ ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ခါကြက်ဥ(ခေါ်)မုန်လာဥနီကုန်စိမ်းသီးနှံများ ၂၀၂၅ ခုနှစ်  ဧပြီလနောက်ဆုံးပတ်အတွင်း  ဝင်ရောက်မှုအနည်းငယ်လျော့ကျသွားပြီး စျေးအနည်းငယ်မြင့် သွားကြောင်းသိရှိပါသည်။ ဈေးကွက်အတွင်း တွေ့ရသော ခါကြက်ဥ(ခေါ်)မုန်လာဥနီကုန်စိမ်းမှာ ဒေသမျိုး နှင့်ထိုင်ဝမ်မျိုးနှစ်မျိုးတွေ့ရှိရပြီး တစ်နှစ်ပတ်လုံးဝင်ရောက်သည့် ကုန်စိမ်းအမယ်တစ်မျိုးဖြစ်ပါသည်။ မန္တလေးကုန်စိမ်းစျေးကွက်တွင်  ၂၀၂၅  ခုနှစ်ဧပြီလနောက်ဆုံးပတ်အတွင်း   တစ်ပိဿာလျှင်လက္ကားဈေးခါကြက်ဥ (ဒေသမျိုး) ၂၀၀၀ ကျပ် နှင့် ၂၅၀၀ကျပ်၊  ထိုင်ဝမ်မျိုး ၆၅၀၀ ကျပ်နှင့်  ၇၅၀၀ ကျပ်၊ လက်လီဈေးဒေသမျိုး ၃၀၀၀ ကျပ် နှင့် ၃၅၀၀ကျပ်၊ ထိုင်ဝမ်မျိုး  ၈၀၀၀ကျပ်နှင့် ၈၅၀၀ ကျပ်တို့ ဖြစ်ကြောင်း သိရပါသည်။ ခါကြက်ဥမှာ အရောင်းသွက်သည့်ကုန်စည်ဖြစ်ပြီး၊ မန္တလေးမြို့၊ သီရိမာလာကုန်စိမ်းစျေးအတွင်း ခါကြက်ဥ(ခေါ်) မုန်လာဥ နီသီးနှံဝင်ရောက်မှုအနေဖြင့်  တစ်ပတ်လျှင်(Canter ) ၆ ဘီးကား ၁၅စီးနှင့် ၂၀စီး အကြား ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)