Main menu

ဆီးသီးခြောက်စျေးနှုန်းစျေးကွက်

Powered by Drupal

               ပူပြင်းသည့်ရာသီဖြစ်၍ မန္တလေးစျေးကွက်အတွင်း  ဆီးသီးခြောက်များအ‌ရောင်းသွက်လျက်ရှိကြောင်း   သိရပါတယ်။   မန္တလေးတိုင်းဒေသကြီး အတွင်း အမရပူရ၊ ပုသိမ်ကြီး၊  ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့တွင် ထိုင်ဝမ်မျိုးကိုင်းကူး ဆီးသီးနှင့် ဒေသမျိုးဆီးပဲလှော်ပင် အများအပြား စိုက်ပျိုးလျက်ရှိပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး  နှင့် ကျန်ဒေသတို့မှလည်း  ဆီးသီးခြောက်များဝင်ရောက်ကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် ဧပြီလနောက်ဆုံးပတ်အတွင်း ဆီးသီးအခြောက်ပေါက်စျေးမှာ  အချိုသီးခြောက်(လုံးကြီး)တစ်ပြည်လျှင်  ၂၅၀၀ ကျပ်နှင့်  ၃၀၀၀ ကျပ်၊ အချို(လုံးသေး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်၊ ဆီးချဉ်သီးခြောက်တစ်ပြည်လျှင်  ၂၀၀၀ ကျပ် နှင့် ၃၀၀၀ ကျပ်စျေးတို့ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်းသိရပါတယ်။  စျေးကွက်အတွင်း  ဆီးသီးခြောက်မှာ   စားသောက်ကုန်များဖြစ်သည့်  ယိုစုံလုပ်ငန်းနှင့် ဖျော်ရည်လုပ်ငန်းတို့မှ ဝယ်ယူမှုများပြားလျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)