
မန္တလေးကုန်စိမ်းစျေးကွက်သို့ ပဲစိမ်းအစိုစျေးကွက်တွင်ထောပတ်ပဲစိမ်း၊ပဲကြီးအစို၊ စားတော်ပဲစိမ်း၊ ပဲစာဥ၊ ပဲလိပ်ပြာ၊ ပဲစင်းငုံ၊ ရွှေပဲသီးတို့နှင့်အတူ နွေပဲသီးများ ဧပြီလနောက်ဆုံးပတ်အတွင်း ဝင်ရောက်မှုအနည်းငယ်ကျဆင်းသွားကြောင်း သိရပါသည်။ မန္တလေးဒေသတွင်းမြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှုများပြီး၊ ကျန်ဒေသများမှလည်း ဝင်ရောက်ကြောင်းသိရပါသည်။ ၂၀၂၅ခုနှစ်ဧပြီလ နောက်ဆုံးပတ်အတွင်း ကုန်စိမ်းသီးနှံပဲအစို မျိုးစုံဝင်ရောက်လျက်ရှိပြီး၊ နွေပဲသီးပေါက်စျေးအနေဖြင့် လက္ကားစျေး တစ်ပိဿာလျှင် ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်၊ လက်လီစျေးတစ်ပိဿာလျှင် ၄၀၀၀ကျပ်နှင့် ၅၀၀၀ကျပ်တို့ဖြင့် အရောင်း သွက်လျက်ရှိကြောင်း သိရပါသည်။သီရိမာလာစျေးအတွင်း ၂၀၂၅ခုနှစ် ဧပြီလနောက်ဆုံးပတ်အတွင်း ပဲစိမ်းအစိုမျိုးစုံအပါအဝင် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter (၁၂ ဘီး နှင့် ၆ ဘီး) ယာဉ် (၂၈၀)စီး နှင့် (၄၂၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)